ပုလော ဖေဖော်ဝါရီလ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရာ ယနေ့ နံနက်(၉) နာရီ က ပုလောမြို့ အမှတ် (၄)ရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကွင်းဆင်း ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ပုလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံ ပေးလျက် ရှိပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများမှ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံ နိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်ကို အိမ်တိုင်ရာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြား ခဲ့သည်။
အေးအေးမော် (ပုလော)