သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ  ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပန်းတိမ်တောင်ရပ်ကွက်၊ နယ်မြေ(၈)တွင် မြေသားလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေး ဌာနမှ ရေစီးရေလာ ကောင်းမွန်စေရန်၊ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေး သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်းခင်းခြင်း၊ ပြုပြင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပန်းတိမ်တောင်ရပ်ကွက်၊ နယ်မြေ(၈)ရှိ မြေသားကျောက်ခင်းလမ်းအရှည် ၅၈၀ ပေ၊ အကျယ် ၁၂ပေရှိသော လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၇ သိန်းဖြင့် ကျောက်ခင်းကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ခင်လေး