နတ်မောက်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပ

နတ်မောက်  ဖေဖော်ဝါရီ    ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး (၇၅) နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့အား အစဉ်အလာမပြတ် ကျင်းပနိုင်ရေး သက်ဆိုင်ရာကော်မတီများမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များအား လုံခြုံရေး စနစ်တကျချထားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အကြိမ်ပြည့်ထိုးနှံကြရန် ဆွေးနွေးပြော ကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းမြတ်