ပခုက္ကူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ပခုက္ကူ   ဖေဖော်ဝါရီ    ၉

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ထိုးနှံသူ ပြည်သူများအား  ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ (၁၁-၂-၁၉၄၇) ရက်နေ့တွင် ပင်လုံမြို့စော်ဘွား များထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၂-၂-၂၀၂၁)ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ ကာတွန်း၊ ပြည်ထောင်စုသားဒို့လက်များသည်ကဗျာနှင့် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်(၂၃)ဦးတို့၏ အမည်နှင့် ကိုယ်စားပြုဒေသများ အစရှိသည့်တို့ပါရှိပြီး ပြည်သူများ ပြည်ထောင်စုနေ့ကို အစဉ်လေးစားတန်ဖိုးထားနိုင်စေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟိန်းသူ(ပြန်/ဆက်)