လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး
Dec 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ စတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်း နေထိုင်သည့် အသက်(၁၈)နှစ်အထက်ပြည်သူများ စုစုပေါင်း(၄၇၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။