ဆိပ်ဖြူမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ဆိပ်ဖြူ    ဖေဖော်ဝါရီ   ၉

မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍  (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ ဆရာဦးဉာဏ်အောင်က မိတ်ဆက်စကား ပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အထိမ်းအမှတ် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ဦးအောင်ရေးသားသည့် ပြည်ထောင်စု အမွေအမြဲတည်တံ့စေခေါင်းစဉ်ဖြင့် စာပေချစ်မြတ်နိုးသူများက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ ဆွေးနွေးခဲ့ခြင်း၊ စာပေချစ်မြတ်နိုးသူများ လေ့လာဖတ်ရှုခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော သမိုင်းဆိုင်ရာများသိကောင်းစရာများ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ သွေးချင်းများသွေးစည်း ညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်များထာဝစဉ် ရှင်သန်နိုးကြားစေရေး နိုင်ငံအပေါ်ထားရှိရမည့် စိတ်စေတနာများ ဆွေးနွေးခဲ့ပြီး မျိုးဆက်သစ် လူငယ်မောင်မယ်များ စာဖတ်သူတိုးပွားရေးနှင့် စာပေဖတ်ရှုခြင်းများမှ ရရှိလာမည့် ဗဟုသုတ များမှတဆင့် နိုင်ငံလူမျိုးအကျိုးများ သယ်ပိုးထမ်းဆောင်နိုင်မည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကိုဇွဲ(အညာမြေ)