အုတ်ဖို ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အိုးသည်ကုန်းမြို့အတွင်းရှိ လူစည်ကားရာနေရာများနှင့် စျေးတို့တွင် Mask တပ်ဆင် ထားခြင်းမရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စျေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေးသတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)