နမ့်ဆန် ဖေဖော်ဝါရီလ ၁၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က နမ့်ဆန်မြို့ပေါ်ရှိ ရုံးများနှင့် နမ္မဝေါရပ်ကွက်တွင် သွားရောက်ဌားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ဌားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ပရိတ်သတ်များအတွက် အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေ စေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရတ စာအုပ်များ၊ ဝတ္ထု စာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး နမ္မဝေါရပ်ကွက်အတွင်းရှိ စာပေဖတ်ရှုလိုသောပြည်သူများကို ဒေါ်မြအေး နေအိမ်တွင် စုရပ်အဖြစ်သတ်မှတ်၍ သွားရောက် ဌားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေးခြင်းကို လစဉ်ပုံမှန်ပြုလုပ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)