သထုံ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ တည်ဆောက်နေသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲ တစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က တည်ဆောက် ပြီးစီးမှု၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျဆောင်ရွက်နေမှု စသည့် အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ် နေသည့်ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါကျောင်းဆောင်သစ်မှာ ၁၅၀ ပေ x ၃၀ ပေ RC တစ်ထပ် စာသင်ဆောင်သစ်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပညာရေးဌာန ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်နယ်ဘတ်ဂျက်တို့ဖြင့် စောချစ်ကိုကိုကုမ္ပဏီမှ တင်ဒါအောင်မြင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုဦး