သံတောင်ကြီး ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြိုင်ပွဲများဖြစ် သည့် ခုံလုတန်း၊ စာအုပ်သယ်၊ ဘိုးလင်းပစ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး နော်လော်မူက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အစဉ်အမြဲသတိရစေရန်၊ ကလေးသူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းကို သိရှိစေရန်၊ ဉာဏ်ပညာ စွမ်းရည်၊ ကာယစွမ်းရည်၊ ဉာဏ်ဏစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်းပြောကြားခဲ့ကာ ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းနေအရွယ်ကလေး/သူငယ်များ ပါဝင်ယှဉ်ပြိုင်ပြီး မြို့နယ်ဦးစီးမှူး နော်လော်မူက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
နော်နော်မူ