နောင်ချိုမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ

နောင်ချို ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူခြင်းနှင့် အစားထိုးရွေးချယ် ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပထမပိုင်း၊ ဒုတိယပိုင်း ၂ ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် သဘာပတိဆရာတော်က ဩဝါဒကထာ မြွတ်ကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက သာသနာရေး ဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။ နောင်ချိုမြို့နယ် သံဃနာယကအဖွဲ့ကို ဆရာတော် ၉ ပါးဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ၉ ပါးမှ ၃ ပါး အနားယူခဲ့မှုအပေါ် အစားထိုး ပြန်လည်ရွေးချယ်ခြင်းဖြစ်ကြောင်း၊ သာသနာတော် သန့်ရှင်းတည်တံ့ခိုင်မြဲရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်သံဃနာယကအဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သဘာပတိဆရာတောက နိဂုံးချုပ်မိန့်ကြားရာတွင် ဆရာတော်၊ သံဃာတော်များအနေဖြင့် သာသနာတော်ကြီး သန့်ရှင်းတည်တံ့ခိုင်မြဲရေးအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း မိန့်ကြားခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။ ယနေ့အခမ်းအနားသို့ မြို့နယ်သံဃဝန်ဆောင် ဆရာ တော် (၃၆)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်