ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ငရုတ်ကောင်း  ဖေဖော်ဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန် စာဖတ်သသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့၊ ရေကျော် ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်က ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး သုတ၊ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြစသည်ဖြင့် စာအုပ်မျိုးစုံကို ခင်းကျင်းပြသထားပေးရာ ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)