ရန်ကုန် ဖေဖော်ဝါရီ ၁၃
၂၀၂၂ ခုနှစ်(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကိုယနေ့နံနက် ၅ နာရီမီနစ် ၃၀အချိန်တွင်ရန်ကုန်မြို့ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန် ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေ့ဦးစွာရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်သည်အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အတူပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကိုအလေးပြုကြသည်။
ထိုနောက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကိုရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်ကဖတ်ကြားကာ အခမ်းအနားကိုရုပ် သိမ်းလိုက် သည်။
အောင်မြင့်(ပြန်/ဆက်)