တာချီလိတ် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် ခြင်း အခမ်းအနားကို ရန်အောင်မြေရပ်ကွက်၊ တာ့ဟွာခန်းမတွင် ယမန်နေ့နံနက် ၅ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် နံနက် ၈ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့် အခမ်းအနားတက်ရောက်လာကြသူများက အလေးပြုခဲ့ကြပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမြင့်နိုင်က ဖတ်ကြားသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမြင့်နိုင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း နှင့်တာဝန်ရှိသူတို့က ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ထူးချွန်ဆု ချီးမြှင့် ခံရသည့် ဦးကျဟေး၊ ကိုဗစ်-၁၉ကာလ မြို့နယ်အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အောက်စီဂျင်စက်ရုံ ဆောက်လုပ်လှူဒါန်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် လူအား ငွေအားဖြင့် စွမ်းစွမ်းတမံပါဝင်ကူညီဆောင်ရွက်ခဲ့သဖြင့် လူမှုထူးချွန်ဆုချီးမြှင့်ခံရသည့် ဦးလှအေး(ခ)ဦးအားတီ ၊ ဦးတင်လှိုင်နှင့် ဦးထွန်းနေဦးတို့အပါအဝင် ဒေသဖွံ့ဖြိုးလုပ်ငန်းများ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ကျန်းမာရေး၊လူမှုရေးလုပ်ငန်းများနှင့် သာသနာထွန်းကားရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့ကြသည့် လူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများမှ(၃၆)ဦးအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုငွေများ ကိုပေး အပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြို့ဆိုဂုဏ်ပြုသောအားဖြင့် ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူ၊ ကရင်နှင့်ပအို့ပ် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာအဆိုအကများဖြင့် ဖျော်ဖြေရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦးမြင့်နိုင်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းတို့က ဂုဏ်ဆုငွေများ ပြန်လည်ပေးအပ်ချီး မြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားတက်ရောက်လာကြသူများအား ရှမ်း၊ အာခါ၊ လားဟူ၊ ရခိုင် ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်းသိရသည်။
ယာဆေး(ပြန်/ဆက်)