မြောင်းမြ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂ ) ရက်နေ့၌ ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် မူလတန်းကလေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊အရုပ်ဆက်ပြိုင်ပွဲများ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပြိုင်ပွဲများကျင်းပရခြင်းသည် ကျောင်းသား/ သူများ သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများအသီးသီးပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့က ပျော်ရွှင်စိတ်ပါဝင်စားစွာပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီးဝင်ရောက် ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးအအေးနှင့်မုန့်များလည်း ပေးဝေခဲ့ကြောင်း သိရသည်။
ခင်ရူပါအေး