သာယာဝတီမြို့၌(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ​ကျင်းပ

​သာယာဝတီ      ဖေဖော်ဝါရီ  ၁၃                                                         

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင်းခြင်း အခမ်းအနားကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဦးနှင့်အဖွဲ့ဝင်များ၊ခရိုင်လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာအောင်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရအ.ထ.က(၁) သာယာဝတီမှ မခြူးနဒီခင်၊ ဒုတိယဆုရအ.မ.က(ကျီးချောင်း)မှ မကြယ်စင်ရှင်းသန့်၊ တတိယဆုရ PGEC ကိုယ်ပိုင်မူလတန်းကျောင်းမှ မဝါဆိုဝင်းမင်းတို့အား ခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဦးက လည်းကောင်း၊ အထူးဆုရရှိသူ (၅) ဦးအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးနှင့်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းတို့ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရအ.လ.က (သာယာဝတီ)မှ မအိသဥ္ဇာသန့် ၊ ဒုတိယဆုရအ.ထ.က(သဲဖြူ)မှ မနွေးရတီဝင်း၊ တတိယဆုရ အ.ထ.က(ခွဲ) သဲဖြူမှ မဆုရတီဇော်တို့အား ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာအောင်က လည်းကောင်း၊ အထူးဆုရရှိသူ (၅) ဦးအား Perfect Generation Education Centre Founder ဒေါ်သင်းသင်းထွန်းနှင့်မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ မိုးသည်းအောင် (ပန်းမြေ) တို့ကလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရ အ.ထ.က(၁) သာယာဝတီမှ မချမ်းမြေ့လဝန်းသန့်၊ ဒုတိယဆုရ အ.ထ.က(ခွဲ)ကျပ်ချောင်းမှ မောင်ဆန်းလင်းနိုင်၊ တတိယဆုရ အ.ထ.က(ခွဲ) ဖိုးခေါင်မှ မနေခြည်ဟန်တို့အား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဝင်းဆုလှိုင်ကလည်းကောင်း၊ အထူးဆုရရှိသူ (၅) ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က လည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)