ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရေး ဖေဖော်ဝါရီ ၁၃

 

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပညာရေးဌာနမှ အလယ်တန်းကျောင်းအုပ်ဆရာမကြီး (အငြိမ်းစား) ဒေါ်နွယ်နွယ်ဝင်းက ပြည်ထောင်စုနေ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မြန်မာနိုင်ငံဟာ ဗြိတိသျှ လက်အောက်ကိုကျရောက်ပြီး သူ့ကျွန်ဘဝဖြစ်ခဲ့ပုံအကြောင်း၊ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့ပုံ၊ နယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးလွတ်လပ်ရေးရရှိစေရေးအတွက် တောင်တန်း၊ ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားများ စည်းလုံးညီညွတ်ကြောင်း ပြသရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ်(၂၃)ဦး လက်မှတ်ရေးထိုးပြီး ပင်လုံစာချုပ်ချုပ်ဆိုဖြစ်ခဲ့ပုံနှင့် တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်း ညီညွတ်မှုကို ပြသခဲ့မှုကြောင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံတို့ကို ဆွေးနွေးပြောကြား ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က ကျောင်းသား၊ လူငယ်များအနေဖြင့် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် အကြောင်းရာများကို သိရှိစေရန်နှင့် မိမိတို့မြန်မာ နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဖြင့်တည်ဆောက်ထားကြောင်းနှင့် အခုလို အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကိုပြုလုပ်ပြီး Online မှ ထုတ်လွှင့် ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ဒေါ်ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)