ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေးနေ

ပွင့်ဖြူ      ဖေဖော်ဝါရီ      ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိသူများ ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် ၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ကော်မတီ အဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများ စုစုပေါင်း ၇၀ ဦး ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးလာရောက် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )