သထုံ ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူ များအား ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြောပြိုင်ပွဲများ ပြုလုပ်ပေးရာ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင် အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့က နှစ်သက်ရာ ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲအသီးသီးတို့ အတွက် ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)