တမူး၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား တမူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင် ကဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား တမူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှူရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကြီး