ဒဂုံ ဖေဖော်ဝါရီ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ စကားဝါလမ်း၊ မြို့မကြက်တောင် အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အသင်း (၁၄)သင်းတို့မှ ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုရရှိသော ယောမင်းကြီးရပ်ကွက်မှ MWEA TOWER အသင်းကို ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး စောပိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်အရှေ့ရပ်ကွက်မှ ပြည်အရှေ့အသင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမြင့်အေးကလည်းကောင်း၊ တတိယဆုရရှိသော ဘုရားကြီးရပ်ကွက်၊ တဆရ(၁)အသင်းကို အတွင်းရေးမှူး ရဲမှူးတင်အေးကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရဲစွာဝင်းကလည်းကောင်း၊ အကောင်း ဆုံး အားကစားသမားဆုကို မြို့မကျောင်းသားဟောင်းများအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ဆုများကို အသင်းအလိုက်အသီးသီး ဆုချီမြှင့်ပေးခဲ့ပါကြောင်း သိရသည်။
မိုးမိုးခိုင်