ဒေးဒရဲ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online ကတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပင်လုံသက်သေတည် ဆောင်းပါး ကောက်နုတ်ချက်၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့နှင့် ဒို့တာဝန်အရေးသုံးပါး အရေးကြီးပုံများ အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က အသိပညာပေး ပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သီတာမိုးက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အမျိုးသားရေး ဦးတည်ချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အစီအစဉ် အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageနှင့် We Love Dedaye Page များ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)