ပခုက္ကူမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ    ဖေဖော်ဝါရီ  ၁၃

၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ကျင်းပပြုလုပ်ခဲ့သည့် ကလေးများ၏ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက် နံနက်၉နာရီအချိန်က   ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက  အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက " ကလေးငယ်များအား ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တနှင့်ဘောဂစသည့် ဗလငါးတန်ဘက် စုံဖွံ့ဖြိုးတိုးတက် စေရန်၊ ကလေးငယ်များအကြား ရင်းနှီးချစ်ခင်မှုအခွင့်အရေးများပိုမိုရရှိကြကာ အပြန်အလှန်နားလည်မှုရရှိနိုင်စေရန်၊ မိဘများကိုယ်တိုင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့် စသည့်အခွင့်အရေးများကို သိရှိနားလည်ပြီး အနာဂါတ်တိုင်းပြည်ရဲ့အားကိုးအားထားရသည့် သားကောင်း၊သမီးကောင်းရတနာ များပေါ်ထွက်လာရေးအကောင်း ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်" ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ပွဲ နှင့်ပြိုင်ပွဲများကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ကျောင်းသူကလေးငယ်များက  စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပုံပြင်ပြော၊ ကဗျာရွတ်၊ပန်းချီး၊ကာတွန်း၊ အားလူကောက်၊ မုန့်စား၊ဖိနပ်စီးပြေး၊ လက်ဆင့်ကမ်းအပြေး၊ မီတာ(၁၀၀)အပြေး၊ သရုပ်ထောင်ပြေးပြိုင်ပွဲစသည့် ကလေးများ၏ ကာယ/ဉာဏ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ ရရှိသည့်ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေး ငယ်များက ကလေးများနေ့၊ လက်တွဲညီညာနေ၊ပြည်ထောင်စုပျော်ပွဲ သီချင်းများဖြင့်လည်းကောင်း၊ ဂုဏ်ပြုကြစို့၊ အာရုဏ်ဦး ကကြယ်နီ၊ အောင်ဆန်းဇာနည်၊ ကိုးဦးအာဇာနည်၊ ဒို့ဗိုလ်ချုပ်စသည့်ကဗျာများဖြင့်လည်းကောင်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အတွက် အမှိုက်ကောက်တေးသရုပ်ဖော်ဖြင့်လည်းကောင်း အသီးသီးကပြသီဆို ဖျော်ဖြေတင်ဆက်ပေးကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)