ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းခြောက်သောင်း ခြောက်ထောင်ကျော် ထိုးပေးပြီးဖြစ်

ညောင်ဦး  ဖေဖော်ဝါရီ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယမန့်နေ့ နံနက်ပိုင်းအချိန်ထိ ၃၆၆၀၇၂ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၃၀၆၀ဦး၊ Sinovac ပထမအကြိမ် ၃၈၃၀ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၄၄၄ ဦး၊Phae-6 Covisheld ထိုးနှံမှုပထမအကြိမ် ၇၇၀၀ဦး၊ ဦး၊Phaese-7 Covisheld ၁၂၆၅ စုစုပေါင်း ၁၇၇၈၂၉ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၉၅၁၉၁ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၇၅၁၂၄ ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၅၂၉၄ ဦး၊ Sinovacဒုတိယအကြိမ် ၄၃၄၅ ဦး၊ ဦး၊Phae-6 Covisheld ပထမကြိမ် ထိုးပေးနိုင်မှု ၆၇၁၀ ဦး၊ Phae-7 Covisheld ၁၅၂၉ ဦးနှင့် Boostter Sinopharm ၅၀ ဦး ထိုးပေးနိုင်ပြီဖြစ်ကာ စုစုပေါင်း ၁၈၈၂၄၃ ဦး ထိုးပေးနိုင်ပြီဖြစ်ကာ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း ပေါင်း ၃၆၆၀၇၂ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ကိုထိန်၊KPD