ဗန်းမော် ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယ စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း(ဗန်းမော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်း(ဗန်းမော်)မှ သားငယ်သမီးငယ် ၁၅၀ ဦးတို့က တစ်ဦးချင်းကဗျာရွတ်ဆိုခြင်းနှင့် ပုံပြင်ပြောခြင်း၊ အဖွဲ့လိုက် တေးကဗျာဆိုပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဒိုင်အဖွဲ့က အကဲဖြတ်အမှတ်ပေးသည်။ ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသည့် သားငယ်သမီးငယ်များအား ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးနှင့် တာဝန်ရှိသူများတို့က ဆုများအသီးသီးပေးအပ် ခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)