ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေး နွေးပွဲ (Talk Show) ပြုလုပ်

ရေစကြို        ဖေဖော်ဝါရီ   ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင် မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အစဉ်အလေးထားရမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိစေရန်အတွက် တောင်တန်း-ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားလူထုအားလုံး တညီတစ်ညွတ်တည်း တစ်သွေးတစ် သားတည်း စည်းလုံးညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့ သောနေ့ဖြစ် သည်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ သောနေ့ သည် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး တစ်ပေါင်းတစည်းတည်းဖြစ် ကြောင်း ညွန်းဆိုခဲ့သည့် ပြည်ထောင်စုကြီး တစုတစည်း တည်း ဖြစ်သောနေ့အဖြစ်နေ့စဉ် မမေ မလျော့ အသိအမှတ်ပြု ၍ အထူးတစ်လည် ဂုဏ်ပြုကြရပေမည်။ ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်သောကြောင့် ရရှိခဲ့သော လွတ်လပ်ရေးနှင့် အချုပ်ခြာအာဏာကိုအဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်း သား ပြည်သူထလူထု ပြည်သူအားလုံးတို့က ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ကြ ရမည်ဖြစ်သည့် ပြည်ထောင်စုနေ့ သမိုင်းဖြစ်ပေါ်လာပုံများနှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့အမျိုးသားရေး ဦးတည်ချက်များ ဖတ်ကြားခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၂) ရက်နေ့၊ နံနက်(၁၀) နာရိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့၌ သမိုင်းဝင်စာချုပ်ကို တိုင်း ရင်းသား ကိုယ်စားလှယ် (၂၃)ဦး တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း စသည့်အချက်များ ပြောကြားသည်။

ရေစကြို    (ပြန်/ဆက်)