ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အိုမီခရွန်( Omicron) ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သဖြင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်းကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေးဒရဲကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည်မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ရန်၊ အိုမီခရွန်ရောဂါသည် ရောဂါ ကူးစက်မှုပိုမိုမြန်ဆန်ခြင်းကြောင့် လက်ဦးမှုရယူကာ ကြိုတင်ကာကွယ်ထားကြရန်နှင့် ကာကွယ်ဆေးများထိုးနှံခြင်းကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန် ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်မီစွာ ထိုးနှံကြပါရန်စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)