စစ်ကိုင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းကာ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ဌာနအနေနဲ့ ကလေးငယ်တွေ ဉာဏ်ရည်ဖွံ့ဖြိုးအောင်၊ စည်းလုံးညီညွတ်မှုရရှိအောင်၊ ပျော်ရွှင်မှုတွေရရှိအောင် ပြိုင်ပွဲတွေကျင်းပပေးတာပါ ပြိုင်ပွဲတွေကတော့ ပလစ်စတစ်ဂေါ်လီလုံး ဇွန်းကိုက်ရယ်၊ စာအုပ်ခေါင်းပေါ်တင်အပြေးရယ်၊ အပ်ချဉ်ထိုးပြိုင်ပွဲတွေဖြစ်ပါတယ် ဆုရရှိကြတဲ့ ကလေးတွေကိုလည်း ဆုပေးမှာဖြစ်သလို ကစားကြတဲ့ကလေးတွေလည်း လက်ဆောင်ပစ္စည်းပေးသွားမှာပါ” ဟု ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိသက်ခိုင်ကပြောပြ၍ သိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် စာအုပ်/ စာစောင်များ ငှားရမ်းခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ Talk Show များ ဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်