ဂွ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်က ဂွမြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်နိုင်ထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိမွန်လှိုင်က မြန်မာ့ကလေးများနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုများအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဂွမြို့ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများ က ကဗျာရွတ်ဆိုပြိုင်ပွဲများဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လည်တွင် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်