ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲပိုင်းက (WomenClub) အဖွဲ့ဝင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မုန့်လုပ်နည်း (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နှင်းယုဝေက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ (Women Club)အဖွဲ့ခေါင်းဆောင် ဒေါ်ယဉ်ယဉ်မြိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ ကြက်ဥခေါက်မုန့်လုပ်နည်းကို သင်တန်းဆရာမ ဒေါ်တင်မာလာသက်က မုန့်ရည်စပ်နည်း၊ မီးပေးနည်း၊ သဘာဝကုန်ကြမ်းများအသုံးပြုနည်း၊ ဓါတုဗေဒဆေးဝါးကင်းစင်ပြီး သဘာဝစားသောက်ကုန်၊ ကုန်ကြမ်းများမှ လတ်ဆတ်ကောင်းမွန်သောကြက်ဥ ခေါက်မုန့်အဖြစ်ရရှိလာအောင် ပြုလုပ်ပုံအဆင့်ဆင့်၊ မိသားစုဝင်ငွေရရှိအောင် ရောင်းတန်းဝင် မုန့်လုပ်နည်းများကို လက်တွေ့ပြုလုပ်သင်ကြားပေးခဲ့ရာ သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက လက်တွေ့စုပေါင်းပြုလုပ်သင်ယူခဲ့ကြကြောင်း သိရသည်။အဆိုပါသင်တန်း သို့ (Book Club)(Youth Club)(Women Club)အသင်းဝင်များနှင့်ဒေသခံပြည်သူသင်တန်းသား၊ သင် တန်းသူ(၁၀)ဦးတက်ရောက်သင်ကြားခဲ့ပြီး ညနေပိုင်းတွင်သင်တန်းပြီးမြောက်ခဲ့ကြောင်း၊ ဒေသခံပြည် သူများ၏ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိနိုင်ရန်နှင့် အမျိုးသမီးများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ (အခမဲ့)သင်တန်းများကို ပူးပေါင်းစီစဉ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။
မြို့(ပြန်/ဆက်)