သတင်းများ

ဖုန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 15,2022
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ အား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖုန်းကုန်ကျေးရွာ လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအားထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Feb 15,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာ၌ မီးဘေးသင့်နေအိမ်များအား ထောင်ပံ့ပစ္စည်း ပေးအပ်
Feb 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၌ ဖေဖော်ဝါရီလ ၁၃ရက် နေ့လည်(၁:၃၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆)စုအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ် ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၅)အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Feb 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
မြောင်းမြမြို့၊ ဒေသသုတေသနဗဟိုဌာနတွင် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
Feb 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (AFACI)၊ အပြည်ပြည်ဆိုင်ရာပြောင်းနှင့် ဂျုံဖွံ့ဖြိုး တိုးတက်မှုစင်တာ (CIMMYI) တို့၏အထောက်အပံ့ဖြင့် ပြောင်းသီးနှံဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ် နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက်(၉)နာရီ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)၊ ဒေသ သုတေသန ဗဟို ဌာန(မြောင်းမြ)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒများစာအုပ်ပါရာထူးတိုးမြှင့်ခြင်းဆိုင်ရာတွင် နည်းဥပဒေပုဒ်မ(၂၆)မှ (၃၉) အထိ စာဖတ်ဝိုင်းကျင်းပ
Feb 15,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဦးစီးမှူးများပါဝင်သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကျင်းပ
Feb 15,2022
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက အဆိုပါရုံးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်ခရိုင်မြို့ရှိ တာမိုးညဲမြို့တွင် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းဆောင်ရွက်          
Feb 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို  မြို့နယ်ဦးစီးမှူးရုံးတွင်   ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။