ကျောက်ဖြူ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကာ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး Influenza Vaccine ဆေးအားထိုးနှံပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူဆယ် ဦးကျဖြင့် အယောက် ၄၀၀ စာထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်သည့်အပြင် ရောဂါဖြစ်ပွားမှုမှာလည်း သိသာ ထင်ရှားစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)