ကော့ကရိတ် ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီးအနီး နာရီစင်ရှေ့ လမ်းဆုံနှင့် အမှတ် (၄)ရပ်ကွက် တောင်ပေါ်ကျောင်းလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လှုမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က အဖွဲ့ (၂)ဖွဲ့ခွဲကာ အဆိုပါလမ်းဆုံတို့တွင် သွားလာကြ သည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရေးအတွက် တာဝန်ရှိသူ များက စည်းရုံးလှုံ့ဆော်ခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုဆေးကြောခြင်းနှင့် ပါးစပ် နှာခေါင်းစည်းတပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် နှာခေါင်းစည်း အခု ၂၀၀၀ နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (omicron)ရောဂါ ကြိုတင်ကာကွယ်ရေး သတင်းစကားလက်ကမ်းစာစောင် ၂၀၀ စောင်တို့ကို အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်းသိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)