ထားဝယ်မြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၁၅

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထားဝယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ  ကျေးရွာပြည်သူလူထု ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် ကျေးရွာ ပြည်သူများ လူမှုစီးပွားဘဝ အလုပ်အကိုင်အခွင့်အလမ်းများအတွက် အထောက်အကူပြုမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျေးလက် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးရာရောက်မည်ဖြစ်ပါကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုကို တတ်မြောက်၍  အိုးမကွာအိမ်မကွာ လုပ်ကိုင်နိုင်ပြီး ဝင်ငွေတိုးပွားလာခြင်း အကျိုးကျေးဇူးကိုခံစားရမည် ဖြစ်ပါ သည်။

 အဆိုပါ သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား(၁၅)ဦးအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သတင်း ရရှိသည်။

 ရွှေပင်လယ်(ထားဝယ်)