စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာစိန်လင်း၏"ခေါင်းဆောင်မှုအနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

စဉ့်ကိုင်  ဖေဖော်ဝါရီ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ယမန်နေ့မွန်းလွဲ  (၁)နာရီက    စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်း၍  စာရေးဆရာ စိန်လင်း၏" ခေါင်းဆောင်မှု အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်  စာအုပ်စာပေ  ဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတရင့်သန်  တိုးပွားလာစေရန်  ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေဦးဝင်းကြည်က  "ခေါင်းဆောင်မှုအနုပညာ"နှင့် "စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍ များကို ​ ဆွေးနွေး  ပြောကြားခဲ့သည်။

ဆက်လက်၍  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင်ဦးဝင်းမြင့်က"  ခေါင်းဆောင်မှုနှင့်သူတို့    အမြင်"ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသောစာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များမှလည်း စာအုပ်ပါ အကြောင်း အရာများထဲမှ သိလိုသည်များကို ဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရသည်။

ညိုညိုဝင်း