ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်မဲ ဖေဖေါ်ဝါရီ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်တွင်  အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ‌နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း  ၅၆၃၈၀ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူ ပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဖေဖေါ်ဝါရီ ၈ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၆၃၈၀ ဦးရှိသည့် အတွက် ကာကွယ်ဆေး လွမ်းခြုံမှုအနေဖြင့် ၅၁ ဒဿမ ၇၄ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး (၆ လကျော်ကြာပြီဖြစ်သည့်)သည့် ပညာရေးဝန်ထမ်းအပါအဝင် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose) ကို ကွန်ဖြူးရှပ်ကျောင်းတွင် ထပ်မံထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၉ ဦးထပ်မံတွေ့ရှိရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)