ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ကျေးရွာအရောက် ကွင်းဆင်း ထိုးနှံပေး
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield ထိုးနှံပြီးကာလ ခြောက်လနှင့်အထက်ရှိသူ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သာသနာ့အနွယ်ဝင်ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ Booster Dose ကာကွယ်ဆေး နေ့စဉ် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စံပြကျေးရွာရှိ ဒေသခံပြည်သူများကို နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။