သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်

သနပ်ပင် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ သွားလာသူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ ဖြစ်သော မြို့အဝင်/ အထွက် လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သိုစစ်ဆေးဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့အဝင်/ အထွက် နေရာများ၊ ခရီးသွားပြည်သူများ၊ လူစည်ကားရာ နေရာဖြစ်သော ဈေးလမ်းဆုံ၊ လမ်းဆုံလမ်းခွ နေရာများတွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာနေသူများအား နှာခေါင်းစည်း(၃)ခုကို (၅၀၀)ကျပ်ဖြင့် ဝယ်ယူစေပြီး ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာ၍ သွားလာ သင့်ကြောင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမိုး