သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Feb 16,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကြိုတင်ကာကွယ်ရေး ခရီးသွားပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ ပေးဝေ
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒလဘက်ကမ်းမှတစ်ဆင့် စီးပွားရေးမြို့တော် ရန်ကုန် ဘက်ခြမ်းသို့ နေ့စဉ်ကူးသန်းသွားလာကြသည့် ခရီးသွားမိဘလုပ်သားပြည်သူများအား ပါးစပ် နှာခေါင်းစည်း များ စနစ်တကျ တပ်ဆင်စေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီခွဲက ဒလမြို့နယ် ကမာကဆစ်စက်တပ်သမ္ဗန်ကူးတို့ဆိပ်၊ ကမာကသွယ် စက်တပ် သမ္ဗန်ကူးတို့ဆိပ်နှင့် စက်မြေစက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 16,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊ မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေးအဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြတ်စောညီနောင် ကြံတိုင်းအောင် ရွှေစေတီတော်မြတ်ကြီးတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကျင်းပ
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့၊ ခရစ်နှစ် (၂၀၂၂)ခုနှစ် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကောက်သစ်ဦးအလှူဌာနခေါ် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် ကွင်းဆင်းဆောင်ရွက်
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က နောင်ချိုမြို့ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)သို့ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 16,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍
မြစ်ကြီးနားခရိုင် ခရီးစဉ်‌ ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 16,2022
မြစ်ကြီးနားခရိုင် ခရီးစဉ်‌ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။