သုံးခွ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး (၆)လပြည့် ထိုးနှံပြီးသည့် ဌာနဆိုင်ရာ ၀န်ထမ်း များအား ရရှားနိုင်ငံထုတ် Sputnik light Booster ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့အခုဆိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂) ကြိမ်ထိုးနှံပြီး(၆) လပြည့် ထိုးနှံပြီးသည့် နိုင်ငံ၀န်ထမ်း( ၁၃၀) ကျော် ကိုရရှားနိုင်ငံထုတ် Sputnik light Booster ယနေ့တစ်ရက်ထဲအပြီး ထိုးနှံပေးမှာဖြစ်ပါတယ်လို့ မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဇော်ထက်က ပြောကြားသည်။
ထိုသို့ထိုးနှံပေးရာတွင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမ(၅၂)ဦး၊ ဌာနဆိုင်၀န်ထမ်း (၇၈)ဦး စုစုပေါင်း (၁၃၀)ဦးတို့အား ရရှားနိုင်ငံထုတ် Sputnik light Booster ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့ထိုးနှံပေး ကြောင်း သိရသည်။
အဆိုပါရရှားနိုင်ငံထုတ် Sputnik light Booster ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်း ဌာနဆိုင်ရာများနှင့် ကျန်းမာရေး၀န်ထမ်းများက ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)