တံတားမြို့၌ ကိုဗစ်−၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

တံတား   ဖေဖော်ဝါရီ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်း ကိုဗစ်−၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၉)နာရီ အချိန်က ရပ်ကွက်များ အတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 အဆိုပါ အသိပေးနှိုးဆော်ရွာတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန် ရောဂါသည် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုများ  ရှိနေပြီဖြစ်ရာ  မိမိတို့မြို့နယ် အတွင်းသို့ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းကျဆင်ရေးနှင့်   ကာကွယ်တာဆီးနိုင်ရေးအတွက်  ပြည်သူများအနေဖြင့်     လူစုလူဝေး ပြုလုပ်ခြင်းနှင့်သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန် စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာကျင့်သုံးသွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မဖြစ်မနေ ထိုးနှံကြပါရန် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ရပ်ကွက်နေ     ပြည်သူများအား  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း  သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)