သတင်းများ

ဖား​ဆောင်းမြို့နယ်၌ ​အသက်(၅၀)နှစ်အထက် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး Booster Dose ထပ်မံထိုးနှံ​ပေး​
Feb 16,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိ အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉​ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉​ ရောဂါ အန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက် ယ​နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာန၌ Booster Dose ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ထပ်မံထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
အ.ထ.က(မိုင်းယု)ကျောင်းသား ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ
Feb 16,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် နွေရာသီရောက်လာပြီဖြစ်၍ ကျောင်းဝင်းအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 16,2022
ဧရာဝတီဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက အလယ်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုးနဝင်းစေတီတော်ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်
Feb 16,2022
ကျိုက်မရောမြို့ ကိုးနဝင်းစေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်မ​​ရောမြို့၊ ရှင်​စောပုရပ်ကွက်၊ ကမ်းနားဆိပ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် ၀န်ကြီးများ တက်ရောက်ကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် သတိပြုနိုင်ကြ စေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်းကို မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက Hand Speaker ဖြင့် မြို့နယ်အတွင်းရှိ ဈေးများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ လက်ကိုင်းရှည် လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံးနောက်တွဲ ကိရိယာစွမ်းရည်ပြပွဲ ကျင်းပ
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်းရှည် လက်တွန်း ထွန်စက်ဖြင့် တွဲဖက်သုံး နောက်တွဲကိရိယာစွမ်းရည်ပြပွဲကို ယနေ့နံနက် ၁၀နာရီက ကြတ်ခတ်ဝါးရုံ ကျေးရွာအုပ်စု၊ကြတ်ခတ်ဝါးရုံကျေးရွာ ဦးကျော်မျိုးဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ်၊တမုတ်ချုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦးအား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး
Feb 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံး​ကျေးရွာအုပ်စု၊ တမုတ်ချုံး​ကျေးရွာ ဘက်စုံခန်းမဆောင်အတွင်း ယမန်နေ့ ညနေ ၃နာရီအချိန်က နွေစပါး၊ ပဲ၊နှမ်းနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးကြသည့် တောင်သူများကို နိုင်ငံ​တော်အစီအစဉ်ဖြင့် ယူရီးယားဓါတ်​မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်း အခမ်းအနားကို မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ကြီးမှူး၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ အတိုင်းကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အလုံမြို့နယ်၌ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး(Booster) ထိုးနှံခြင်းဆောင်ရွက်
Feb 16,2022
အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။