လက်ပံတန်း ဖေဖေါ်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ လတ်တလောတွင် ကိုဗစ်ရောဂါပိုးတွေ့ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၊ အသိပညာပေးနိုးဆော်ခြင်းများကို အရှိန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းပင်ကောက်ကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်စသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြပါရန်နှင့်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန် ခမ်းခြင်းလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြည်/ဆက်)