သတင်းများ

နောင်ချိုမြို့နယ်တွင် အနော်ရထားမင်း တည်ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာမြတ်ပဌာန်းအောင်ပွဲ ကျင်းပ
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အနော်ရထားမင်းတည် ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာပဌာန်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ( ၁ ) နာရီအချိန်တွင် တဲနန်းတော်စေတီမြတ်ကြီး ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်‌ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့‌ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ် ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန် များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများ အတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေး
Feb 16,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များ တပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် သတ္တမအသုတ် (ပထမ)အကြိမ် ဆက်လက်ထိုးနှံပေး
Feb 16,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield (၂)နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား သတ္တမအသုတ်(ပထမ)အကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းတုံမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်း‌  ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်‌‌ဆေး
Feb 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ (၆)လပတ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကို မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာမှ ကွန်ကရစ်လမ်းခင်းခြင်း (၅၇၀)ပေ x.၁၀ပေ x၆လက်မထု ဆောင်ရွက်ပြီးစီးမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ ၁၅-၂-၂၀၂၂ရက်နေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌ အောင်မျိုးထက်နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စာရေးဆရာကိုလင်း၏ “ ဘီလုံငှက်နှင့်စွန်ရဲ ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူး ထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် စားသောက်ကုန်ပစ္စည်းများ စားသုံးရန် သင့်/ မသင့် အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
Feb 16,2022
မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေး ထောက်ခံချက်များနှင့် ညီ/ မညီ ကွင်းဆင်းစစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ မြိုင်ရတနာစျေးနှင့် အမှတ်(၁)စျေးတို့ရှိ စားသာက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။