ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟု သုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ခွဲခြားဆုံးဖြတ် တတ်သော တတ်လာစေရေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ၌ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မဈေးသို့သွားရောက်ပြီး ဈေးသူဈေးသားများအား သုတ ရသနှင့် ကာတွန်း ရုပ်ပြ စာအုပ်စာစောင်များကို မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းကာ စနစ်တကျ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး