(၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မုဒုံ    ဖေဖော်ဝါရီ    ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (၇၅)ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အားကစားနှင့် ကာယပညာဦးစီးဌာနရှိ  ဖူဆယ်ကွင်း၌ ပြုလုပ်သည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစတင်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ အသင်း(၆)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(၁) အသင်းက ရဲတပ်ဖွဲ့ဝင်အသင်းကို (၁၄)ဂိုး (၅)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ အဖွဲ့ဝင် မင်းအောင်မြင့်နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၃)ဆုတို့ကို အသီးသီးဆုချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)