ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌(တတိယအကြိမ်) အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ နှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ တက်ရောက်

ဘားအံ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏(တတိယအကြိမ်) အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါ ဘုရားကြီး၏ ဂန္ဓကုဋီတိုက် အတွင်း၌ ဆင်ယင်ကျင်းပသည်။

အခမ်းအနားသို့ မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရ အမှူးပြုသည့် ဆရာတော်ကြီးများအပါအဝင် ထေရ်ကြီးဝါကြီးဆရာတော် ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးနှင့်တက်ရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့က  မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ် များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကြွရောက်ချီးမြှင့်တော်မူကြ သည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အတွက် ဘုရားပင့်ခြင်း၊ ပဋ္ဌာန်အမွန်းဂါထာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ သမ္မာဒေဝနတ်များအား ပင့်ဖိတ်ခြင်းတို့ကို ဆောင်ရွက်တော်မူကြပြီး အလှည့်ကျသံဃာတော် တစ်ပါးမှ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးအား စတင်ရွတ်ဖတ်ပူ ၌ဇော်သည်။

ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၏ (တတိယအကြိမ်)အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ အလှည့်ကျသံဃာတော်များက ၅ ရက်တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်သည်။

ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ အပ်ချုပ်စက် သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံ မြို့၊ လှာကမြင်(ကွက်သစ်)ရှိ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က အခြေခံမော်တာအပ်ချုပ်စက် သင်တန်း ထူးချွန်သင်တန်းသူ များအား အပ်ချုပ်စက်တစ်လုံးစီ အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်မျိုးက သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းတက်ရောက်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့်ဖွင့်ပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ရက်သတ္တပတ်(၄)ပတ် ကြာ သင်ယူပြီးမြောက်၍ အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းကို ရက်သတ္တပတ်(၄)ပတ်ကြာ ဆက်လက်သင်ယူကြမည်ဖြစ်ကာ လုပ်ငန်းအတွေ့အကြုံရှိ သင်တန်းနည်းပြများက သင်ခန်းစာ များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

စောမျိုးမင်းသိန်း(ပြန်/ဆက်)