ပေါင်းတည်မြို့၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပေါင်းတည် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပျဉ်းပင်ကန်ရပ်ကွက်၊ မိုးကုတ်ဝိပသနာဓမ္မာရုံ ဆေးထိုးစုရပ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် ပထမအကြိမ်အဖြစ် ပြည်သူ(၃၈)ဦးနှင့် နိုဝင်ဘာအတွင်း ပထမအကြိမ် ဆေးထိုးနှံပြီး အသက်(၁၈)နှစ်အထက် ပြည်သူ(၁၀၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်တွင် အုတ်ဖို(၁)၊ အုတ်ဖို(၂)၊​ ပျဉ်းပင်ကန်၊ ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် အသက် (၁၈)နှစ်အထက် ပြည်သူ(၃၅)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၁၀၅)ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား ကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်း လုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)