သုံးခွမြို့နယ်၌ ငါးသားပေါက်အကောင်ရေ (၈၀၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

သုံးခွ ဒီဇင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အမှတ်၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ (မှော်၀င်း‌ချောင်း) အတွင်း ယနေ့နံနက် ၉နာရီက ငါးသားပေါက်အ‌ကောင်ရေ (၈၀၀၀၀၀) အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင်‌ အမှတ် ၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်၀င်း‌ချောင်း)အတွင်း ငါးမြစ်ချင်းကောင်ရေ (၈၀၀၀၀၀)အား ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံ‌စေရေး၊ ငါးစားသုံးမှု မြင့်မားလာ‌စေရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများက ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း