ဒေးဒရဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စုပေါင်းအားကစားပြိုင်ပွဲများအား အပတ်စဉ်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နေ့လည် ၁၂ နာရီအချိန်ကစတင်၍ ဆေးရောင်ခြယ် ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခြေခံမူလတန်းကျောင်းက ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် မုန့်စားပြိုင်ပွဲ ဒိုးဇက်ဆက် ဂိမ်းပြိုင်ပွဲများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)